Showing posts with label Mathematics. Show all posts
Showing posts with label Mathematics. Show all posts
Thursday, April 13, 2017
Wednesday, April 12, 2017
CHAPTER 11
Unknown
1:57 AM
Mathematics
No comments
Trigonometry
Trigonometry သင်ခန်းစာသည် ၁၀ တန်းကျောင်းသား၊ ကျောင်းသူများအတွက် အောင်မှတ်ကျော်ပြီးဂုဏ်ထူးမှန်းသူများအတွက် မသိမဖြစ်တဲ့ အထူးလေးကျင့်ထားရမယ့်သင်ခန်းစာပဲဖြစ်ပါတယ်။ 10 တန်းကျောင်းသားမှားအတွက် Trigonometry သင်ခန်းစာကို အပိုင်းနှစ်ပိုင်းဖြင့် လေ့လာစရာများဖြင့် ပြဌာန်းပေးထားပါတယ်။ ပထမအပိုင်းမှာ စက်ဝိုင်းလေးစိတ်ပေါ်က six trigonometric ration Formulae တွေပ်ါမှအခြေခံတွက်ချက်တဲ့သင်ခန်းစာနဲ့ ဒုတိယအပိုင်းမှTriangle ပေါ်မှာအခြေခဲ့တဲ့ Law of sine and Law of Cosine ဆိုတဲ့ formulae တွေအပေါ်အခြေခံတွက်ချက်မှာပါ။ Trigonometric လေးကျင့်ခန်းများသည် ကျက်မှတ်ထားသော formulae များကိုသာ အစားထိုးတွက်ချက်ထားဖြစ်သောကြောင့် သင်ခန်းစာပါ formulae များကိုတော့ မရမနေ ရွှတ်ဖတ်၊ ရေးကျက်၊ စူးစိုက်ကြည့်ကျက်မှတ်လေးကျင့်ထားရပါမယ်။ ကျွန်တော့်ကျက်မှတ်ပုံကတော့ formula တစ်ခုချင်းစီကို မျက်စိ၊ နှတ်ဖြင့် အာရုံစိုက်ကျက်မှတ်ပြီးသော် ကျက်မှတ်ထားသော formula တိုင်းကို အကြောင်း ၁၀ လောက်ချရေးကျက်မှတ်ပါသည်။ ကြီးမြတ်တဲ့ ပညာတွေမှာ အလွယ်မရနိုင်တာကို တော့ ကျောင်းသားများသတိထားစေချင်ပါတယ်။Trigonometric Rations for Special Angles
Trigonometry ဆိုင်ရာ နယ်ပယ် ၆ မျိုးရှိပါတယ်။
- (sin) sine
- (cos) cosine
- (tan) tangent
- (cot) cotangent
- (sec) secant
- (cosec) co-secant တို့ပဲဖြစ်ပါတယ်။
A = adjacent side ( နီးစပ် အနား)
H = hypotenuse side ( ထောင့်မှန်ခံ အနား)
အထက်ပါ ဇယားအရ sin ဆိုတာ O ကို တည်ပြီး H ဖြင့်စားနေသည်။ cos ဆိုသည်မှာလည်း A ကိုတည်ပြီး H ဖြင့်စားနေသည်ဟု စသည်ဖြင့် ၆ ခုစလုံးမှတ်သားထားပါ။ အပေါ်ဖက်မှ sin, cos, tan, cot, sec, cosec လို့ အစဉ်လိုက်မှတ်သားထားပါ၊ ပိုင်းဝေများကိုလည်း O A O A H H နှင့် ပိုင်းခြေကို နောက်က cosec မှ sin အထိ O A O A H H ဖြင့်ပြောင်းပြန်စီလိုက်သော ကျက်စရာမလို မှတ်စရာသာလိုသည်။
အထက်ပါ တြိဂံနှစ်ခု နဲ့ ဇယားကို မျက်စိနဲ့ ကျက်မှတ်ထားရင် six trigonometric တန်ဖိုးကို ချရေးနိုင်ပါလိမ်မယ်။ ပထမ တြိဂံမှ 30 degree ၏ opposite side သည် 1 ဖြစ်ပြီး၊ ၏ adjacent side သည် sq root 3 ဖြစ်ပြီး 90 ဒီဂရီအတွက် ထောင့်မှန်ခံအနားသည် 2 ဖြစ်သည်။ 60 degree အတွက် မျက်နှာချင်းဆိုင်အနား သည် sq root 3 ဖြစ်ပြီး နီးစပ်အနားသည် 1 ဖြစ်သည်။ sin 45 degree အတွက် ဒုတိယ တြိဂံကိုကြည့်ပါ။
စသည့်ဖြင့် အထက်ပါရှင့်ချက်များကို နားလည်သော 30, 45, 60 ထောင့်များအတွက် six trigonometric ratio များကို အလွတ်ချရေးနိုင်လိမ်မည်။ သို့သော တွက်ချက်ရာတွင် အလွတ်အာဂုဏ်ဆောင်နိုင်သူသည် ပိုသာသည်။ အထက်ပါ နည်းအတိုင်းတွယ်ယူသော် အောက်ပါဇယားအတိုင်း ရအောင်လေ့ကျင့်ယူပြီးကျက်မှတ်ထားကျပါ။ ကျက်ထားတာရောမယ်ထင်ရင်တော့ အထက်ပါ တြိဂံနျှစ်ခုနှင့် O A O A H H ကို မှတ်မိလျှင်လည်း အလွယ်ရှာနိုင်ပါမည်။
cos ဆိုတာ X ၀င်ရိုးကိုဆိုလိုပြီး sin ဆိုတာ Y ၀င်ရိုးကျိုဆိုလိုသည်။ X ၀င်ရိုးညာဘက် ကို +X ၊ ဘယ်ဘက်ကို - X ၊ အပေါ်တိုင်ကို + Y၊ အောက်ဘက်တိုင်ကို - Y စသည်ဖြင့်သတ်မှတ်ထားသည်။
- sin ပြောင်းပြန် cosec
- cos ပြောင်းပြန် sec
- tan ပြောင်းပြန် cot
- tan လိုချင် sin ကိုတည် cos ဖြင့်စား
- cot လိုချင် cos ကိုတည် sin ဖြင့်စား စသည်ဖြင့်ကျက်မှတ်ထားပါ။
ပထမ အပိုင်းထဲတွင် sin, cos, tan, cot, sec, cosec စသည့် ၆ ခုလုံးသည် positive signs များပိုင်ဆိုင်ကြပြီး ဒုတိယ Quadrant တွင် sin နှင့် sin ၏ပြောင်းပြန်ဖြစ်သော cosec စသည့် နှစ်ခု တို့သာ positive signs များပိုင်ဆိုင်ကြပြီး ကျန်သော cos, tan, cot, sec လေးခုသည် negative signs များပိုင်ဆိုင်ကြသည်။ အထက်ပါပုံ၏ Quadrant များကိုလည်း လွယ်ကူသဘောပေါက်မည်ထင်ပါသည်။
လေးကျင့်ခန်းများတွက်ချက်ရန် အထက်ပါအဘောတရားများအပြင် formula လေးမျိုးကိုလည်းကျက်မှတ်ထားရမည်။