Pages

Tuesday, January 31, 2017

Basic English Grammar

Grammar

Grammar is rules for forming word and making sentences.

သဒ္ဒါဆိုသည်မှာ စကားလုံးများဖန်တီးပုံနှင့်ဝါကျများဖန်တီးသော စည်းမျှင်းဥပဒေကိုခေါ်ပါသည်။

ဥပမာ
Car (ကား)
Cars

go (သွားသည်)
goes

knife(ဓါး)
knives

စသည်ဖြင့် စကားလုံးများ ပြောင်းလဲးရေးသားသောနည်းလမ်းများနှင့် ၀ါကျတစ်ကြောင်းကိုမှန်ကန်စွာတည်ဆောက်ရေးသားသော စည်းမျှင်းများကိုဆိုလိုပါသည်။

စာသင်သားတို့သည် English ဘာသာကိုလေ့လာရာတွင် word (စကားလုံး) များ၏ အဓိပ္ပါယ်ကိုသာကျက်မှတ်ထား၍မလုံလောက်ပဲ ထိုစကားလုံးများကို word form ကိုပါမှတ်သားထားနိုင်ရပါမည်။ သို့မှသာ Sentence တည်းဟုသော စာကြောင်းများကို မှန်မှန်ကန်ကန်ေ်ရးဖွဲနိုင်ပါမည်။ ဥပမာ

go ဆိုသော word ၏ အဓိပ္ပါယ် (meaning) သည် (သွားသည်) ဖြစ်၍ word form (စကားလုံးပုံစံ) သည် verb ဖြစ်သည်။

teacher ဆိုသော word ၏ အဓိပ္ပါယ် (meaning) သည် (စာသင်ပေးသောဆရာ) ဖြစ်၍ word form (စကားလုံးပုံစံ) သည် noun ဖြစ်သည်။

Word Forms (or) Parts Of Speech (၀ါစင်္ဂ)

English ဘာသာတွင် Word Forms (or) Parts Of Speech (၈)မျိုးရှိသည်။ စကားလုံးတိုင်းတွင် ကိုယ်ပိုင် word form ရှိပါသည်။ ၎င်း Word Forms တို့မှာ

  1. Noun                  (နာမ်)
  2. Pronoun              (နာမ်စား)
  3. Adjective            (နာမ၀ိသေသန)
  4. Verb                  (ကြိယာ)
  5. Adverb              (ကြိယာဝိသေသန)
  6. Preposition         (၀ိဘတ်)
  7. Conjunction        (သမ္ဗန္ဓ)
  8. Interjections        (အာမေဋိတ်)
တို့ဖြစ်ကြသည်။ ဥပမာ
school, pen, girl စသည့်တို့၏ word form သည် Noun ဖြစ်သည်။
I, we, you, he, she, it, they စသည့်တို့၏ word form သည် Pronoun ဖြစ်သည်။
good, clever, small စသည့်တို့၏ word form သည် Adjective ဖြစ်သည်။
work, go, sleep, write စသည့်တို့၏ word form သည် Verb ဖြစ်သည်။
properly, especially, clearly, စသည့်တို့၏ word form သည် Adverb များဖြစ်ကြသည်။
at, before, on, of, in, with စသည့်တို့၏ word form သည် Preposition များဖြစ်ကြသည်။
and, but, or, then စသည့်တို့၏ word form သည် Conjunction များဖြစ်ကြသည်။
Oh, Woo, Hay စသည့်တို့၏ word form သည် Interjection များဖြစ်ကြသည်။

နောက်သင်ခန်းစာတွင် Word Form တစ်မျိုးစီကို အကျယ်ရှင်းပြပေးပါသည်။

No comments:

Post a Comment